Thursday, August 6, 2015
နှလုံးလှသူများ
သဘာဝကြောင့်
ဒုက္ခရောက်ကြ ခံစားရသော်
ဖေးမကူညီ ဖြည့်ဆည်းသည်မှာ
မွန်ရည်စိတ်ထား နှလုံးသားနှင့်
လေးစားချီးကျူး ထိုက်ပါ၏ ။
ငလျင်ဘေးနှင့်
လေဘေးရေဘေး လူမှုရေးတွင်
မီးဘေးစသည် ကြုံတွေ့ သည်ကို
ကူညီမနှေး ပံ့ပိုးပေးသည်
ဆေးဝါးစားဖွယ် အသွယ်သွယ်နှင့်
ဝတ်ထည်စုံစုံ တောင်ရာပုံ ။
သဘာဝကြောင့်
ဒုက္ခကြုံလာ လူများစွာ၏
အင်္ဂါချို့ တဲ့
အိုးအိမ်မဲ့မှု ဖျားမှုနာမှု
အစုစုကို ပြုစုစောင့်ရှောက်
ထောက်ပံ့ရိုင်းပင်း စောင့်ရှောက်ခြင်းကား
ညီရင်းအစ်ကို သားချင်းလိုပင်
ချိုချိုသာသာ ပျူပျူငှာလျက်
သဒ္ဓါပြည့်ဝ ကုသိုလ်လှသည်
ပရဟိတ ချစ်စိတ်ကို ။ ။
✍ မောင်နန်းထက် ( ဟင်္သာတ )
Subscribe to:
Post Comments (Atom)
Popular Posts
-
ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပြသထားသည့် သီဟာ သနပလ္လင်တော်ကိုမြင်ရတိုင်း မြန်မာဘုရင်များ နန်းစံခဲ့စဉ်က နန်...
-
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်မှ တောင်ငူဘုရင် မင်းကြီးညို တည်ဆောက်ခဲ့သော သမိုင်းဝင်ကျုံးနှင့် မြို့တွင်းကန်တော် ဖြစ်သည်။ မြို့ရိုးတစ်...
-
၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစ အချိန်။ ကမ္ဘာ့ ...
-
သဘာဝကြောင့် ဒုက္ခရောက်ကြ ခံစားရသော် ဖေးမကူညီ ဖြည့်ဆည်းသည်မှာ မွန်ရည်စိတ်ထား နှလုံးသားနှင့် လေးစားချီးကျူး ထိုက်ပါ၏ ။ ငလျင်ဘေးနှ...
-
[ ပဲခူး - ကမ္ဘောဇသာဒီနန်းတော် ] ( ပဲခူးမြို့အနီး ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်ရာ ပြန်လည် တူးဖော်ရာမှ မြေအောက်မှထွက်လာသော အပိ...
-
သက္ကရာဇ် ၁၂၁၉ - ခုနှစ်တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးတောင် အနီး မြေကောင်း မြေမြတ် လက္ခဏာနှင့်ပြည့်စုံ၍ လူမျိုးစုံတို့၏ မျက်စိကိုဆွ...
-
ဒုတိယကမ္ဘာစစ်အတွင်းက ကျူးကျော်ဝင်ရောက်လာသော ကူမင်တန် တရုတ်ဖြူ တပ်များ၏ မြေလှန်မီးရှို့စနစ်အရ တောင်ငူရွှေဆံတော် ဘုရားကြီး အပါအ၀င် မြို့...
-
မွန်မြတ်သန့်စင် ရိုးသားသော လူငယ်ဘ၀တွင် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု၌သာ ပါဝင်သင့်၍ ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်ကား အရိုးရင့်၍ အရွယ်ေ...
-
ဤသမိုင်းအချက်အလက် အချို့ကို ဖော်ပြပေးဖြစ်သည်မှာ တောင်ငူ ဒေသခံ လူငယ်များ ကိုယ့်ဒေသ ကိုယ့်ရပ်ဆိုင်ရာ အသိတစ်ခု ရစေ ရန်နှင့် မရောက်ဖူး မြ...

No comments:
Post a Comment