Friday, August 21, 2015

ဝါးတစ်လုံးနှင့် လူဆယ်ယောက် ( မောင်ထင် )


      ရှေးလွန်လေပြီးသောအခါ မြန်တိုင်းဗာမာဏသီပြည်တွင် အဘိုးအိုတစ်ဦးသည် သားတစ်ကျိပ်နှင့်အတူ ရွာသာယာ၌ နေထိုင်၏။ သူ၏ သားများကား မောင်ရွှေရိုး၊ မောင်ညစ်၊ မောင်ပုပ်၊ မောင်ကတ်၊ မောင်ကျယ်၊ မောင်လည်၊ မောင်ကောက်၊ မောင်ပျင်း၊ မောင်ဖျင်း၊ မောင်သစ္စာ ဟူ၍တွင်၏။
            သားအထွေး ပြေးလွှားတတ်သောအရွယ်တွင် အဘိုးအို၏ မယားသည် ကွယ်လွန်၏။ အဘိုးအိုလည်း သားတစ်ကျိပ်ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေနိုင်လေအောင် ကျွေးမွေးသုတ်သင်သည်။ ဤသို့လျှင် သားတို့သည် လူလားမြောက်လာကြသော ဟူ၏။ သားအကြီးကား မောင်ပဉ္စင်း အရွယ်ရှိသည်။ သားထွေးကား ကိုရင်ဝတ်လျှင် သင်္ကန်းနိုင်သောအရွယ် ရောက်လေပြီ။.
            အဘိုးအိုသည် နောင်ရေးကို မျှော်တွေးထောက်ရှု၍ ပစ္စည်းဥစ္စာတို့ကို ကြိုတင်သိုမှီးပြီးလျှင် သားတစ်ကျိပ်တွက် ပဗ္ဗဇိတမင်္ဂလာကို အထိုက်အလျောက် ဆင်ယင်ကျင်းပနိုင်ရန် ပြင်ဆင်လေသည်။ အဘိုးအို၏ သဘာဝကား အဖတို့၌ ရှိသော ချစ်ခြင်းမေတ္တာဖြင့် ၀တ်ကြီးဝတ်ငယ်မှန်သမျှကို သားတို့မပင်ပန်းရလေအောင် မိမိကချည်း ထမ်းဆောင်သော သဘာဝဖြစ်သည်။ သို့သော် ယခုအခါ မိမိသည် အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ မိမိကိုယ်တိုင် အရာရာကို ထမ်းဆောင်ခြင်း မပြုနိုင်သောကြောင့် သားတို့ကို တောက်တိုမယ်ရကိစ္စတို့၌ စေခိုင်းရလေသည်။

လူငယ်နှင့် နိုင်ငံရေး (ဒေါက်တာကျော်စိန်)


မွန်မြတ်သန့်စင် ရိုးသားသော လူငယ်ဘ၀တွင် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှု၌သာ ပါဝင်သင့်၍ ပါတီနိုင်ငံရေး လှုပ်ရှားမှုတွင်ကား အရိုးရင့်၍ အရွယ်ရောက်လာသည့်အခါတွင်မှသာ ၀ါသနာပြင်းပြ ခဲ့သော် ပါဝင်လှုပ်ရှား ဆောင်ရွက်သင့်ပေသည်။



နိုင်ငံရေးဟူသည်
               …နိုင်ငံရေး (Politics) ဟူသော စကားလုံးသည် နိုင်ငံတစ်ခုလုံး၏ အရေးအရာ ကိစ္စအဖြာဖြာကို ရည်ညွှန်းသောကြောင့် ကျယ်လည်း ကျယ်ပြန့်၍ နက်လည်း နက်နဲပေသည်။ ဂရိဒဿနိကပညာရှင် ပလေတိုးကမူ “လူတိုင်းသည် သဘာဝအားဖြင့် နိုင်ငံရေး သတ္တ၀ါများ ဖြစ်ကြကုန်၏” ဟု ဖွင့်ဆိုခဲ့သည်။ သို့သော် နိုင်ငံရေးဆိုသော ဝေါဟာရကို အဓိပ္ပါယ်ဖော်ရာတွင်မူ ပုဂ္ဂိုလ်တို့၏ ရပ်တည်ချက်အပေါ် မူတည်၍ အကောင်းမြင်ရှိသလို အဆိုးမြင်လည်း ရှိပေသည်။
…မက်ဟင်နရီဟောင်း (Mc.Henry Howe) ကမူ “သင်သည် နိုင်ငံရေးကို အသက်မွေးဝမ်းကျောင်းမှု အဖြစ် ရွေးချယ်ခဲ့ပါက ရိုးသားသူ ဖြစ်ရန် မလွယ်ကူတော့ပေ” ဟု ဆိုခဲ့၏။
သီအိုဒိုရုစဘဲ့ (Theodore Roosevelt) က “အအောင်မြင်ဆုံးသော နိုင်ငံရေးသမားဆိုသည်မှာ အခြားသူများ တွေးတောစဉ်းစား နေသည့် အကြောင်း ရပ်များကို အကျယ်လောင်ဆုံးနှင့် အကြိမ်အများဆုံး ထုတ်ဖော်ပြောဆိုသူ ဖြစ်သည်” ဟု ဆိုခဲ့၏။ ခွသမား စာရေးဆရာကြီး ဘားနတ်ရှော
(Bernard Shaw)ကမူ “ဘာတစ်ခုမှ မသိပါဘဲနှင့် အရာရာတိုင်းကို သိသည်ဟု ထင်မြင်ယူဆနေသူကား နိုင်ငံရေးသမားပင်တည်း” ဟု ရေးသားခဲ့သည်။ အာရ်၊ အယ်၊ စတီဗင်ဆန် (R.L.Stevenson)ကမူ “မည်သည့်ပြင်ဆင်မှုမျိုးမှ မလိုဟု ထင်မြင်ယူဆခြင်းခံရသည့် တစ်ခုတည်းသော အလုပ်အကိုင်မှာ နိုင်ငံရေးသမား အလုပ်ပင် ဖြစ်သည်” ဟု ရေးခဲ့၏။


Thursday, August 6, 2015

နှလုံးလှသူများ







သဘာဝကြောင့်
ဒုက္ခရောက်ကြ ခံစားရသော်
ဖေးမကူညီ ဖြည့်ဆည်းသည်မှာ
မွန်ရည်စိတ်ထား နှလုံးသားနှင့်
လေးစားချီးကျူး ထိုက်ပါ၏ ။

ငလျင်ဘေးနှင့်
လေဘေးရေဘေး လူမှုရေးတွင်
မီးဘေးစသည် ကြုံတွေ့ သည်ကို
ကူညီမနှေး ပံ့ပိုးပေးသည်
ဆေးဝါးစားဖွယ် အသွယ်သွယ်နှင့်
ဝတ်ထည်စုံစုံ တောင်ရာပုံ ။

သဘာဝကြောင့်
ဒုက္ခကြုံလာ လူများစွာ၏
အင်္ဂါချို့ တဲ့
အိုးအိမ်မဲ့မှု ဖျားမှုနာမှု
အစုစုကို ပြုစုစောင့်ရှောက်
ထောက်ပံ့ရိုင်းပင်း စောင့်ရှောက်ခြင်းကား
ညီရင်းအစ်ကို သားချင်းလိုပင်
ချိုချိုသာသာ ပျူပျူငှာလျက်
သဒ္ဓါပြည့်ဝ ကုသိုလ်လှသည်
ပရဟိတ ချစ်စိတ်ကို ။   ။

 မောင်နန်းထက် ( ဟင်္သာတ )


Popular Posts